ကလေးမိဘများဆင်ခြင်စရာတစ်ခု
ကလေးမိဘများဆင်ခြင်စရာတစ်ခု ဒီသမီးလေးနာမည်က နန်းစံနွမ်းတဲ့အသက်၈လပဲရှိသေးတဲ့ ရှမ်းမလေးပေါ့ ရုပ်ကလေးကလဲချစ်စရာလေးပါ။မိဘတွေက ရှမ်းပြည်မြောက်ပိုင်းက ရွာတစ်ရွာမှာနေထိုင်ပါတယ်။တစ်နေ့ သမီးလေး လက်မှာ ရေယုန်ပေါက်ပါတယ် ရွာထဲကအမျိုး တစ်ယောက်က ရေယုန်ပေါက်ယင် နွားနောက်ချေးနဲ့အုန်းဆီ ရောလိမ်းရတယ်ဆိုလို့ လိမ်းလိုက်တာ ရေယုန်တွေကပိုဆိုး သွားပြီး အသားတွေပါပုပ်ကုန်လို့ သမီးလေးလက်က အရိုးပဲ ကျန်တော့တယ် ဒါနဲ့မန္တလေးကုတင်၅၅၀ကလေးဆေးရုံ၊ခွဲ စိတ်ဆောင်( ၂ )မှာအရေးပေါ်ကုသလိုက်ရတယ်။သမီးလေး ဆေးကုဖို့ အလှုငွေ ငါးသောင်းကျပ်ပေးလှုလိုက်ရပါတယ်။ မိဘတွေ မိမိတို့သားသမီးတွေ တစ်ခုခုဖြစ်ပါက ဆေးမြီှးတို များနဲ့မကုကြပါနဲ့ နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက် ပြသကြပါလို့ သတိပေးလိုက်ရပါတယ်။အလှုရှင်ကတော့ ကိုဇာနည်ကျော်+မနန်းတင်တင်ထွေးမိသားစုဖြစ်ပါတယ်။ ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့ ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈ ...