အချုပ်သားငါးဦးထွက်ပြေး

7.1.2018
ကျိုင်းတုံ၊ ဇန်နဝါရီ ၇

ယမန်နေ့နံနက် အရုဏ်တက်ခါနီးအချိန်က တာချီလိတ်မြို့ အချုပ်ထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် တရားခံနှစ်ဦးနှင့် အမှုစစ်ဆေးဆဲ အချုပ်သားသုံးဦး အချုပ်ခန်းအမိုးကိုဖောက်ကာ ထွက်ပြေးသွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရှိရသည်။

မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ် အပြစ်ပေးခံရသည့် ကိုသက် (ခ) မြဝင်း (၄၄ နှစ်)နှင့် မူးယစ်မှုဖြင့် စစ်ဆေးဆဲ အချုပ်သား ဥာဏ်လင်း (ခ) ဥာဏ်ဝင်း(၃၀ နှစ်) တို့နှစ်ဦး လွတ်မြောက်နေဆဲဖြစ်သည်။ စောမျိုးအောင်၊ စိုင်းမင်းသူနှင့် နေလင်း (ခ) နေမင်းတို့ သုံးဦးကိုမူ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ထွက်ပြေးသူငါးဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၂၄၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေ ပုဒ်မ ၆(၁) အရ အရေးယူထားသည့်အပြင် ကူညီပေးသည့် အချုပ်သား သောင်းထိုက် (ခ) အာခါလေး၊ အောင်အောင် (ခ) ရှိုင်းထက်အောင်၊ စိုင်းစိန်၊ ဌေးအောင်၊ ကျော်မင်းထွန်း (ခ) ဖိုးသားနှင့်ယာလီတို့ ခြောက်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၂၅ အရ အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရှိရသည်။

R-16
The VOICE

Comments

Popular posts from this blog