မူဆယ်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၁,၂၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အက်စီတုန်းအရည်နှင့် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၆
 ဇန်နဝါရီလ ၄ ရက်နေ့ ၂၀၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီး၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ညီညီအောင် မောင်းနှင်ပြီး ကျော်ဇင်ဟိန်း လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်၊ အောင်အောင် မောင်းနှင်ပြီး မျိုးမြင့်ဦး လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်နှင့် ဒီလာရာမ်း(ခ)ကျော်စိုး မောင်းနှင်ပြီး ဇော်ဝင်းအောင်(ခ)ဂိုဗင်ဒါး လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်တို့ကိုရှာဖွေရာ ညီညီအောင်၏ မော်တော်ယာဉ်ပေါ်မှ အက်စီတုန်းအရည်ပါ ပလတ်စတစ် ပီပါ ၄၁ ပီပါ(အက်စီတုန်းအရည် ၈,၂၀၀ လီတာ)၊ ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်ပါ ဂျပ်ဖာ ၁၅၀ ဖာ(ဟိုက်ဒရိုကလိုရစ်အက်စစ်အရည် ၁,၈၀၀ လီတာ)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အောင်အောင်၏မော်တော်ယာဉ်ပေါ်မှ အက်စီတုန်းအရည်ပါ ပလတ်စတစ်ပီပါ ၅၀ ပီပါ(အက်စီတုန်းအရည် ၁၀,၀၀၀ လီတာ)နှင့် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်ပါ ဂျပ်ဖာ ၁၁၀ ဖာ(ဟိုက်ဒရိုကလိုရစ်အက်စစ်အရည် ၂,၂၀၀ လီတာ)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို လည်းကောင်း၊ ဒီလာရာမ်း(ခ)ကျော်စိုး၏မော်တော်ယာဉ်ပေါ်မှ အက်စီတုန်းအရည်ပါ ပလတ်စတစ်ပီပါ ၇၁ ပီပါ(အက်စီတုန်းအရည် ၁၄,၂၀၀ လီတာ)နှင့် လက်ကိုင်ဖုန်း နှစ်လုံး တို့ကို လည်းကောင်း(စုစုပေါင်း အက်စီတုန်းအရည် ၃၂,၄၀၀ လီတာနှင့် ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် ၄,၀၀၀ လီတာ) သိမ်းဆည်း ရမိခဲ့သဖြင့် ညီညီအောင်(၂၁)နှစ်၊ ကျော်ဇင်ဟိန်း(၂၀)နှစ်၊ ဒီလာရာမ်း(ခ)ကျော်စိုး(၄၇)နှစ်၊ ဇော်ဝင်းအောင် (ခ)ဂိုဗင်ဒါး(၂၆)နှစ်၊ အောင်အောင်(၃၆)နှစ်နှင့် မျိုးမြင့်ဦး(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Comments

Popular posts from this blog