နေပြည်တော်အကျဉ်းထောင်မှ လူသတ်တရားခံတဦးအပါအ၀င် အကျဉ်းသား ၂ ဦး ထွက်ပြေးလွတ်မြောက်နေ @@@@@@@@@@@@@@@@@@@@@@ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အေလာနယ်မြေရဲစခန်းမှဒုရဲအုပ် ဟန်ဝင်းအောင်ပါ (၁+၉) ဦးသည် မတ် ၅ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် တရားခံများကို ခရိုင်တရားရုံးမှ ရုံးထုတ်ပြီး၍ နေပြည်တော်အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်စဉ် တရာခံ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရသည်။ ဖြစ်စဉ်မှာ ခရိုင်တရားရုံးမှ ရုံးထုတ်ပြီး၍ အကျဉ်းသားများ ပြန်လည်ပို့ဆောင်စဉ်တွင် အကျဉ်းထောင်တံခါးမကြီးရှေ့အရောက် အချုပ်ယာဉ် 2H/5770 ပေါ်မှ အချုပ်သားများဆင်းရာတွင် ထောင်ဝင်အမှတ်-ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ ၃၂၃၊ ၁၁၄၊ ရာဇသတ်ကြီးအမှတ် ခတရ (ဒက္ခိဏ) ၉၄/၁၇၊ (နပတ ၁၇) ၀၀၀၄၉/(ခ) ကိုဝင်း(ခေါ်)သူရ (၃၆)နှစ် ပုဗ္ဗသီရိမြို့နယ်နေသူနှင့် ထောင်ဝင်အမှတ်-(နပတ ၁၇) ၀၀၄၆၅ (ခ) မူး/စိတ် ၁၅/၁၉(က) ရာဇသတ်ကြီးအမှတ်-ခတရ(ဒက္ခိဏ) ၁၀၉/၂၀၁၇ ငြိမ်းချမ်း (၂၄)နှစ် ပင်လောင်းမြို့၊ ရှမ်းပြည်နယ်နေသူတို့ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။ အဆိုပါ ထွက်ပြေးလွတ်မြောက်နေသော တရားခံများ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ...