Posts

Showing posts from February, 2018

မီးထိုင်လှုံနေသူတစ်ဦးကို ဓားဖြင့်ဝင်ခုတ်သူများအား ဖမ်းမိ

Image
ဖေဖော်ဝါရီ(၃)၊ ၂၀၁၈၊ မန္တလေး The Nyang News မီးထိုင်လှုံနေသည့် လူငယ်တစ်ဦးကို ဓားဖြင့်ဝင်ခုတ်သွားသည့် လူငယ်(၅)ဦးအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းတွင် ဇန်န၀ါရီလ (၂၈) ရက်နေ့ ညက လူငယ်တစ်ဦး မီးလှုံနေစဉ် လူငယ်တစ်စုက ဓားဖြင့်ခုတ်၊ တုတ်များဖြင့် ၀ိုင်းရိုက်မှု ဖြစ်ပွားခဲ့ရာ၊ အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် လူငယ်(၅)ဦးကို ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းမြသာ စည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ “တရားခံတွေက အကုန်လုံး လူငယ်တွေပါပဲ။ သူတို့ရဲ့ ထွက်ဆိုချက်အရတော့ လမ်းမှာ ရန်ဖြစ် လာတာကို လူမှားပြီး ဖြစ်သွားတာလို့ ထွက်ထားတယ်။ ခုတ်ခံလိုက်ရတဲ့ ကောင်လေးက ကျန်းမာရေးကောင်း သွားပါပြီ။ ဆေးရုံတောင် တစ်ရက်ပဲ တက်လိုက်ရတယ်။ အခု ဆေးရုံက ပြန်ဆင်းသွားပြီ” ဟု ၄င်းက ဆက်ပြော သည်။ ဇန်န၀ါရီလ (၂၈) ရက်နေ့၊ ည (၁) နာရီအချိန်ခန့်တွင် (Dota) ဂိမ်းဆိုင်မှအပြန် မောင်ဇော်ထွေးအောင်သည် သိပ္ပံလမ်းနှင့် (၅၆) လမ်းထောင့်ရှိ ဆိုင်ကယ်ကယ်ရီသမားများ မီးလှုံနေသည့် မီးဖို၌ ၀င်ရောက်မီးလှုံနေစဉ် ဆိုင...